
⚖️ Decdeal Digital Kitchen Scale 1-10000g မီးဖိုချောင်သုံး အလေးချိန်စက်🥗
40,000 Ks၄၀,၀၀၀ ကျပ်
4 ခုသာ ကျန်ပါသည် · Only 4 left
မုန့်လုပ်တဲ့အခါ၊ အစားအစာတွေ ချက်ပြုတ်ချိန်နဲ့ ကျန်းမာရေးအတွက် ကိုယ်အလေးချိန်ထိန်းဖို အလွယ်တူ ပမာဏတိတိကျကျ မချိန်နိုင်လို အခက်အခဲဖြစ်နေပါသလား? ဒါဆိုရင်တော့ မီးဖိုချောင်အတွက် မရှိမဖြစ်လိုအပ်တဲ့ 10KG (22 lbs) အထိ တိကျစွာချိန်တွယ်နိုင်ပြီး Stainless Steel စတီးသားနဲ့ ပြုလုပ်ထားတဲ့ ဒီဂျစ်တယ်ချိန်ခွင်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ အစားအစာတွေနဲ့ ပါဝင်ပစ္စည်းတွေကို အမှားအယွင်းမရှိ တိကျလွယ်ကူစွာ ချိန်တွယ်နိုင်လို မိမိလိုချင်တဲ့ အရသာနဲ့ ရလဒ်ကို အပြည့်အဝ ပိုင်ဆိုင်စေပါတယ်။ ထူးခြားချက်များ High Capacity & Precision: အများဆုံး ၁၀ ကီလိုဂရမ် (၂၂ ပေါင်) အထိ ၁ ဂရမ်စီ တိကျစွာ ချိန်တွယ်ပေးနိုင်ပါတယ်။ Multiple Units: လိုအပ်ချက်အလိုက် g, oz, ml စတဲ့ ယူနစ်များကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ လွယ်ကူစွာ ပြောင်းလဲသုံးစွဲနိုင်ပါတယ်။ Sleek & Durable Design: သန့်ရှင်းရေးလုပ်ရလွယ်ကူပြီး သံချေးမတက်တဲ့ Food-grade စတီးသားဖြစ်ကာ ပါးလွှာပေါ့ပါးပြီး သိမ်းဆည်းရ ပါတယ်။ Smart Features: ဘက်ထရီ ၂ လုံးပါဝင်ပြီး အသုံးမပြုချိန် ဘက်ထရီသက်သာစေရန် Auto-shut off စနစ်ပါရှိပါတယ်။ အသုံးပြုပုံ (How to Use) ၁။ ချိန်ခွင်ကို ညီညာသောနေရာတွင် တင်ပါ။ ၂။ ဖွင့်ခလုတ်ကို နှိပ်ပြီး 0 (Zero) ဖြစ်သွားသည်အထိ စောင့်ပါ။ (ပန်းကန်တင်ချိန်ပါက Tare ခလုတ်ကို နှိပ်ပြီး ဇီးရိုးချနိုင်သည်)။ ၃။ ချိန်လိုသည့် ပစ္စည်း သိုမဟုတ် အရည်များကို တင်၍ တိကျသော အတိုင်းအတာကို LCD မျက်နှာပြင်တွင် ကြည့်ရှုပါ။