
🔥 Broad Spinner Jet Flame Gas Lighter | လက်လှည့်မီးခြစ် 🌀
30,000 Ks၃၀,၀၀၀ ကျပ်
4 ခုသာ ကျန်ပါသည် · Only 4 left
Windproof Metal Jet Torch Lighter လေးကတော့ လေဒဏ်ကို အထူးခံနိုင်ရည်ရှိတဲ့ Jet Flame မီးတောက်ကို ပေးစွမ်းပြီး Fidget Spinner လည်း ပါဝင်လို အလုပ်လုပ်ရင်း စိတ်ဖိစီးမှုကိုပါ တစ်ပါတည်း ဖြေဖျောက်နိုင်ပါတယ်။ လေထန်တဲ့ ရာသီဥတုအခြေအနေတွေမှာပါ အလွယ်တကူ မီးညှိနိုင်ပြီး ခရီးသွားလာချိန်နဲ့ နေ့စဥ်သုံးစွဲမှုတွေအတွက် အကြမ်းခံ၊ သုံးလိုကောင်းတဲ့ စတိုင်ကျတဲ့ မီးခြစ်တစ်လက်ကို ပိုင်ဆိုင်နိုင်ပါပြီ။ Product Highlights: အရည်အသွေးမြင့် ဇင့်အလွိင်း (Zinc Alloy) ပစ္စည်းဖြင့် ပြုလုပ်ထားပြီး ကြာရှည်အကြမ်းခံခြင်း လေဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိပြီး အလွယ်တကူ ညှိနိုင်သော Jet Flame မီးတောက်စနစ် ပါရှိခြင်း အောက်ခြေရှိ အခွေခလုတ်ဖြင့် လိုအပ်သလို မီးတောက်အနိမ့်အမြင့်ကို လွယ်ကူစွာ ချိန်ညှိနိုင်ခြင်း သယ်ဆောင်ရလွယ်ကူပြီး အိတ်ထဲထည့်ကာ နေရာမရွေး အဆင်ပြေစွာ သုံးနိုင်ခြင်း အသုံးပြုပုံ: အောက်ခြေရှိ ဝင်ပေါက်မှ Butane ဓာတ်ငွေ့ကို လိုအပ်သလို ဖြည့်တင်းပါ။ (ဓာတ်ငွေ့မပါဝင်ပါ) ဓာတ်ငွေ့ဖြည့်ပြီးပါက မီးခြစ်ကို လက်ဖြင့် အနည်းငယ်လှုပ်ခါပေးပြီး ဓာတ်ငွေ့ကို ညီညာစွာ ပျံ့နှံစေပါ။ မီးဖွင့်ခလုတ်ကို နှိပ်၍ သုံးစွဲနိုင်ပြီး အောက်ခြေဘီးလေးကို လှည့်၍ မီးတောက်အကြီးအသေးကို စိတ်ကြိုက် ချိန်ညှိပါ။